အသုံးပြုနည်းလမ်းညွှန်

buzz.myanmarportal.net သည် အင်တာနက် အသုံးပြုသူ မြန်မာလူမျိုးများအတွက် စိတ်ဝင်စားဖွယ်ရာများ ၊ ဗဟုသုတရဖွယ်ရာများ ၊ ထူးထူးခြားခြားအကြောင်းအရာများ ၊ ပျော်ရွှင်ဖွယ်ရာများ စသဖြင့်ကို တင်ဆက်ပေးလျှက် ရှိပြီး အသုံးပြုသူများကိုယ်တိုင်လည်း website တွင် account ပြုလုပ်၍ သတင်းအချက်အလက် အကြောင်းအရာများကို ပါဝင်တင်ဆက်နိုင်ပါသည် ။ သို့ပါသော်ကြောင့် လူတိုင်းပါဝင်နိုင်စေရန်  website အသုံးပြုပုံ ပြုနည်း အပြည့်အစုံကို ရေးသားဖော်ပြပေးလိုက်ပါသည်။

အကောင့်ဖန်တီးပြုလုပ်ခြင်း

website ထိပ်နားလေးရှိ +crate ဘေးမှ လူပုံလေးတွင် နှိပ်ပါ

ကျလာသော login form မှ register ကို နှိပ်၍ လိုအပ်သည်များကို ဖြည့်ကာ အကောင့်ပြုလုပ်နိုင်ပါသည်။

အသုံးပြုသူ၏ facebook အကောင့်ကို အသုံးပြု၍လည်း အလွယ်တကူ အကောင့်ဖန်တီးနိုင်ပါသည်။

 

သတင်း နှင့် သတင်းဆောင်းပါးများ (News)  တင်ခြင်း

 

  • သတင်းတင်ရန်အတွက် အသုံးပြုသူ၏ account ကို login ဝင်ထားပြီး ဖြစ်ရပါမည်။
  • website ထိပ်နားလေးရှိ +create မှ New News ကို နှိပ်ပါ
  • ကျလာသော form တွင် လိုအပ်သည်များကို ဖြည့်စွက်ရမှာ ဖြစ်ပါတယ်။
  • Title တွင် သတင်းခေါင်းစဉ် ၊ Description တွင် ရှင်းလင်းချက် အကျဉ်းချုပ် ၊ အောက်တွင်ရှိနေသော Entry Section များကို မိမိသတင်းအတွက် လိုအပ်သလို အသုံးချ၍ ဖြည့်သွင်းရေးသားနိုင်ပါသည်။
  • သတင်းနှင့်သတင်းဆောင်းပါးကို စိတ်တိုင်းကျ ရေးသား/ လိုအပ်သော ဓါတ်ပုံ ၊ ဗီဒီယိုများလည်း တင်ပြီးပါက form ဘေးဘက်ရှိ Categories တွင် မိမိတင်ဆက်မှု၏ အကြောင်းအရာကို ရွေးချယ်ပေးပြီး Create ကို နှိပ်ကာ သတင်းတင်ဆက်နိုင်ပါသည်။
  • သတင်းတင်မှုပြီးဆုံးပါက ပြီးဆုံးကြောင်း message box လေး ပေါ်လာမည်ဖြစ်ပါသည်။

MyanmarPortal တွင် သတင်းများ ဝင်ရောက်ရေးသားခြင်းဖြင့် website မှ အခါအားလျှော်စွာ ပေးအပ်သော ဆုလက်ဆောင်များကို ရရှိနိုင်ပါသည် ။ ဆုလက်ဆောင်ပေးအပ်ခြင်းများကို ကြေငြာပေးပါမည်။

List ပို့စ်များ ဖန်တီးရေးသား တင်ဆက်ခြင်း

Myanparortal သည် Listsပို့စ်များကို အဓိကထား တင်ဆက်ပေးသော website တစ်ခုဖြစ်ပါသည် ။ Listပို့စ်များတွင် အကြောင်းအရာ အထွေအထူး ကန့်သတ်မထားပဲ မည်သည့်အကြောင်းအရာကိုမဆို စာရင်းပြုစု တင်ဆက်နိုင်ပါသည်။

Lists ပို့စ်များတွင် ဗီဒီယိုဖိုင်များ သီးသန့် စုစည်းတင်ခြင်း ၊ အသံဖိုင်များ သီးသန့်စုစည်းတင်ခြင်း ၊ ဟာသပုံ ၊ အခြားပုံများသီးသန့် စုစည်းတင်ခြင်း ၊ လမ်းညွှန်ချက်များ စုစည်းတင်ခြင်း ၊ အခြားသော စာရင်းများစုစည်းတင်ခြင်း စသည်ဖြင့် မိမိတို့နှစ်သက်သလို စုစည်းတင်ပြနိုင်ပြီး နမူနာခေါင်းစဉ်တစ်ချို့ကို ဖော်ပြပေးလိုက်ပါသည်။

List ပို့စ် နမူနာများ

ပုံရိပ်ချည်း သီးသန့်စုစည်းဖော်ပြမှု

နမူနာ – အလန်းစား မိန်းခလေးများ တလွဲတွေ ပြုလုပ်သောအခါ ( အမြင်မတော်သော ပုံရိပ် ၂၉ ခု )

ဗဟုသုတရဖွယ်များ ရေးသားဖော်ပြမှု

နမူနာ – သမိုင်းတစ်လျှောက် အဆိုးဆုံး လူမျိုးတုန်း သတ်ဖြတ်မှုများအတွက် တာဝန်ရှိသူ (၁၀) ဦး

လမ်းညွှန်ချက်များ စုစည်းဖော်ပြပေးမှု

နမူနာ – ဘာသာစကားအသစ်တစ်ခုကို အမြန်ဆုံး နဲ့ စနစ်တကျ တက်မြောက်စေဖို လမ်းညွှန်ချက် ၂၃ ချက်

ရုပ်ရှင် ၊ ဂီတ ၊ အနုပညာဆိုင်ရာ အကောင်းဆုံးများ စုစည်းဖော်ပြပေးမှု

နမူနာ – သင်မအိုသေးခင် ကြည့်သင့်သော ဟောလိဝုဒ် ရုပ်ရှင်ဇာတ်ကား (၁၀) ကား

အနုပညာရှင်များ၏ ပုံရိပ်များစုစည်းမှု

နမူနာ – ခင်ဝင့်ဝါ ၏ မြန်မာဆန်ဆန်ပုံရိပ်များ

စသဖြင့် များစွာသော အကြောင်းခြင်းရာများကို ဖော်ပြပေးနိုင်ပါသည်။

List ပို့စ်များတင်နည်း

List ပို့စ်တွေကိုတော့ သတင်းနှင့် သတင်းဆောင်းပါးများ တင်တဲ့နည်းတွေအတိုင်းပဲ ပြုလုပ်ရမှာ ဖြစ်ပြီး ထူးခြားတာက စာရင်းပြုစုတဲ့ အမျိုးအစားမို့ List ပို့စ်တွေမှာ sub title တစ်ခုချင်းဆီအတွက် နံပါတ်စဉ် ထိုးပေးထားပါတယ် ။ နံပါတ်စဉ်ထိုးရာမှာ အပေါ်ကနေအောက်ကို စီခြင်း ၊ အောက်ကနေ အပေါ်ကို စီခြင်း ၊ နံပါတ်စဉ်မထိုးပဲ ဒီအတိုင်းတင်ခြင်း အနေအထား သုံးမျိုးထဲက မိမိလိုအပ်သလို အသုံးပြုနိုင်မှာ ဖြစ်ပါတယ် ။ (List Type တွင် ရွေးချယ်သတ်မှတ်နိုင်ပါသည်။)

ဥပမာ – အကောင်းဆုံး ၁၀ ခု စာရင်းတင်ပါက နံပါတ်စဉ် ၁၀ ကနေ စပြီးဖော်ပြမလား နံပါတ်စဉ် ၁ ကနေစပြီး ဖော်ပြမှာလား ရွေးချယ်ပေးရတာပါ ။

MyanmarPortal တွင် List Postများ ဝင်ရောက်ရေးသားခြင်းဖြင့် website မှ အခါအားလျှော်စွာ ပေးအပ်သော ဆုလက်ဆောင်များကို ရရှိနိုင်ပါသည် ။ ဆုလက်ဆောင်ပေးအပ်ခြင်းများကို ကြေငြာပေးပါမည်။

 

Poll များ ပြုလုပ်ခြင်း

MyanmarPortal အသုံးပြုသူများသည် မိမိတို့ ဆန္ဒကောက်ယူလိုရာ များအတွက် Poll များဖန်တီး ပြုလုပ်နိုင်ပါသည် ။

နမူနာ – သင်အနှစ်သက်ဆုံး Mobile Operator က ဘာလဲ

နမူနာ – အကြိုက်ဆုံး လေးဖြူရဲ. သီချင်းခွေ

Poll များ ပြုလုပ်ရန် အကောင့်တစ်ခုရှိရမှာ ဖြစ်ပြီး မဲပေးဖို့ရာအတွက်လည်း အကောင့်တစ်ခု ရှိရမှာ ဖြစ်ပါတယ် ။

Video များတင်ဆက်ခြင်း

Myanmar Portal တွင် အသုံးပြုသူများမှ Youtube,Viemo , Facebook တို့မှ ဗီဒီယိုဖိုင်များကို အလွယ်တကူ မျှဝေနိုင်ပါသည်။ မည်သည့် ဗီဒီိယိုဖိုင်ကို မဆို မျှဝေနိုင်ပါသည်။

 

Myanmar Portal မှ တင်ဆက်မှုများ ပြောင်းလဲခြင်း

Myanmar Portal မှ ယခင်တင်ဆက်ပေးနေကျ စိတ်ဝင်စားဖွယ် နှင့် ဗဟုသုတရဖွယ် အကြောင်းအရာများကို buzz.myanmarportal.net တွင် ဆက်လက် ဖတ်ရှုနိုင်ပြီး ထူးခြားမှုမှာ စာဖတ်သူများကိုယ်တိုင် အကြောင်းအရာများကို ပါဝင်တင်ဆက်နိုင်ပြီ ဖြစ်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်ခင်ဗျာ ။